Psalms 99:8
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 32:34ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
Numbers 11:33ငုံးငှက်သားပေါများလျက်ရှိသေးချိန်တွင် ထာဝရဘုရားသည်အမျက်ထွက်၍သူ တို့တွင်ကပ်ရောဂါကျရောက်စေ၏။-
Numbers 20:12သို့ရာတွင်ထာဝရဘုရားက မောရှေနှင့် အာရုန်တို့အား``သင်တို့သည်ဣသရေလ အမျိုးသားတို့ရှေ့တွင်ငါ့တန်ခိုးတော်ကို ယုံကြည်မှုနည်းသောကြောင့် ကတိထားသော ပြည်သို့သူတို့အားပို့ဆောင်ရကြလိမ့်မည် မဟုတ်'' ဟုဆုံးမတော်မူ၏။
Deuteronomy 3:26``သို့သော်လည်းသင်တို့အတွက်ကြောင့်ထာဝရ ဘုရားသည်ငါ့ကိုအမျက်ထွက်၍ ငါ၏တောင်းပန် စကားကိုလက်ခံတော်မမူ။ ထာဝရဘုရား က`ဆက်၍မလျှောက်နှင့်။ ဤအကြောင်းကို နောက်ထပ်မလျှောက်ထားနှင့်။-
2 Samuel 12:14သို့ရာတွင်သင်သည်ထိုအပြစ်ကိုကူးလွန် ရာတွင် ထာဝရဘုရားအားလွန်စွာမထီ မဲ့မြင်ပြုရာရောက်သဖြင့်သင့်ကလေး သည်သေရလိမ့်မည်'' ဟုဆင့်ဆိုပြီးလျှင်၊-
Psalms 89:33သို့သော်ငါသည်ဒါဝိဒ်ကိုချစ်မြဲချစ်မည်။ သူ့အားငါထားသည့်ကတိတော်ကိုလည်း ဖျက်မည်မဟုတ်။