ဗျာဒိတ်ကျမ်း 10:11
ထိုနောက်ကောင်းကင်တမန်က``သင်သည် များစွာသောတိုင်းနိုင်ငံများ၊ ဘာသာစကား အမျိုးမျိုးပြောဆိုသောလူမျိုးများ၊ ရှင် ဘုရင်များ၏အကြောင်းနှင့်စပ်လျဉ်းသည့် ဘုရားသခင်၏ဗျာဒိတ်တော်ကိုနောက် တစ်ဖန်ဟောကြားရဦးမည်'' ဟုငါ့အား ဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Jeremiah 1:9ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
Jeremiah 25:15ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-
Ezekiel 37:9ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
Revelation 14:6ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-