ဗျာဒိတ်ကျမ်း 12:11
ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
Common Language Bible
In The King James Version
In Context
Cross References
John 16:33သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
Acts 21:13ထိုအခါပေါလုက ``သင်တို့သည်အဘယ်ကြောင့် ဤသို့ငိုယိုကာ ငါ၏စိတ်နှလုံးကိုကြေကွဲစေ ကြပါသနည်း။ ငါသည်သခင်ယေရှု၏နာမ တော်အတွက် ယေရုရှလင်မြို့တွင်အချည်နှောင် ခံရန်သာမကအသေခံရန်ပင်အသင့်ရှိပါ သည်'' ဟုပြန်ပြော၏။
Romans 16:20ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
2 Corinthians 10:3ငါတို့သည်ဤလောက၌အသက်ရှင်နေ ထိုင်လျက်ရှိကြသည်မှန်သော်လည်း လောကီ အကျိုးကိုမျှော်ကိုး၍တိုက်ပွဲဝင်နေကြ သည်မဟုတ်။-
2 Timothy 4:7ငါသည်ပြေးပွဲတွင်အစွမ်းကုန်ကြိုးစားခဲ့ပြီ။ တာအဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်း တရားကိုစောင့်ထိန်းခဲ့ပြီ။-
Hebrews 11:35အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။ အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။-