ဗျာဒိတ်ကျမ်း 13:8
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
9``ကြားတတ်သောနားရှိသူတို့ကြားကြပါစေ။-
Cross References
Exodus 32:32သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
Daniel 12:1ပိတ်ချောအင်္ကျီကိုဝတ်ဆင်ထားသော ကောင်းကင်တမန်က``ထိုကာလ၌ကြီး မြတ်သောကောင်းကင်တမန်မိက္ခေလသည် ပေါ်လာလိမ့်မည်။ သူသည်သင်၏အမျိုးသား များကိုစောင့်ထိန်းသောသူဖြစ်၏။ ထိုနောက် လူမျိုးအပေါင်းတို့ဖြစ်ပေါ်လာချိန်မှအစ ပြု၍ အဘယ်အခါ၌မျှမကြုံဘူးသော ဆင်းရဲဒုက္ခများဆိုက်ရောက်ရာကာလကျ ရောက်လာလိမ့်မည်။ ထိုအခါ၌ဘုရားသခင်၏စာစောင်တော်တွင်စာရင်းဝင် သူ သင်၏အမျိုးသားအပေါင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။-
Luke 10:20သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
Ephesians 1:4ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်ရှေ့တော်တွင်အပြစ် ဆိုဖွယ်မရှိဘဲ သန့်ရှင်းမြင့်မြတ်သူများ ဖြစ်နိုင်ကြစေရန်ကမ္ဘာမတည်မရှိမီ ကပင်ငါတို့ကိုဘုရားသခင်ရွေးချယ် ထားတော်မူပေသည်။ ဘုရားသခင်သည် မိမိမေတ္တာတော်ကြောင့်၊-
Titus 1:2ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
Revelation 3:5အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။