ဗျာဒိတ်ကျမ်း 14:11
ထိုမီးလျှံမှမီးခိုးသည် ထာဝစဉ်အထက် သို့တက်လျက်နေ၏။ သားရဲနှင့်သူ၏ရုပ်တုကို ရှိခိုး၍ သားရဲ၏နာမည်တံဆိပ်နှိပ်ခြင်းခံရ သူအပေါင်းတို့သည် နေ့ရောညဥ့်ပါသက်သာ ရာရလိမ့်မည်မဟုတ်'' ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:18ထာဝရဘုရားသည်ကာလအစဉ်အမြဲ စိုးစံတော်မူလိမ့်သတည်း။''
Psalms 10:16ထာဝရဘုရားသည်ကာလအစဉ်အဆက် ဘုရင်ဖြစ်တော်မူ၏။ အခြားသောဘုရားများကိုကိုးကွယ်သူတို့သည် ပြည်တော်မှပျောက်ကွယ်သွားကြလိမ့်မည်။
Isaiah 33:14အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
Isaiah 57:20သို့ရာတွင်ဆိုးညစ်သူတို့သည်အမြဲလှုပ်ရှား လျက် လှိုင်းလုံးများဖြင့်အဆက်မပြတ်ရိုက် ခတ်ကာ၊ ရွှံ့နှင့်အမှိုက်သရိုက်များကိုယူ ဆောင်လာတတ်သောပင်လယ်ရေနှင့်တူကြ၏။-
Matthew 11:28လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
Matthew 25:46ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။