The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 14 › ဗျာဒိတ်ကျမ်း 14:13

ဗျာဒိတ်ကျမ်း 14:13

ထို​နောက်​ကောင်း​ကင်​မှ``ရေး​မှတ်​လော့။ ယ​ခု​အ​ချိန် မှ​စ​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် လျက် သေ​ဆုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏'' ဟု​ဆို သော​အ​သံ​ကို​ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း ``ဤ​အ​တိုင်း​မှန်​ပေ​၏။ သူ​တို့​သည်​ဆင်း​ရဲ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခြင်း​မှ ရပ်​နား​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​လုပ်​ဆောင် ချက်​အ​ကျိုး​သည် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And I heard a voice from heaven saying unto me, Write, Blessed are the dead which die in the Lord from henceforth: Yea, saith the Spirit, that they may rest from their labours; and their works do follow them.

In Context

12ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။

14တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-

Read all of ဗျာဒိတ်ကျမ်း 14

Cross References

Psalms 19:11ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အား ထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာ စောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။

Ecclesiastes 4:1တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။

Isaiah 57:1သူ​တော်​ကောင်း​တို့​သည်​သေ​ရ​ကြ​၏။ ထို​သူ​တို့ ယင်း​သို့​သေ​သည့်​အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ နား​မ​လည်​ကြ။ ဂ​ရု​လည်း​မ​စိုက်​ကြ။ သို့​ရာ တွင်​သူ​တို့​သည်​သေ​သော​အ​ခါ​အ​တိ​ဒုက္ခ ကင်း​ငြိမ်း​ရာ​အရပ်​သို့​ရောက်​ရှိ​ကြ​လေ​သည်။-

Matthew 25:35သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-

Luke 16:25``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-

1 Corinthians 15:18ခ​ရစ်​တော်​ကို​ယုံ​ကြည်​လျက်​သေ​လွန်​သွား​သူ တို့​သည်​လည်း​ထာ​ဝ​ရ​ဆုံး​ရှုံး​ကြ​ပေ​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 14:13

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 14:12ဗျာဒိတ်ကျမ်း 14ဗျာဒိတ်ကျမ်း 14:14 →