ဗျာဒိတ်ကျမ်း 14:7
ထိုကောင်းကင်တမန်က``ဘုရားသခင်တရား စီရင်တော်မူရာနေ့ရက်သည်ကျရောက်၍လာ လေပြီ။ ထိုကြောင့်ကိုယ်တော်ကိုကြောက်ရွံ့ရိုသေ ကြလော့။ ဂုဏ်တော်ကိုချီးကူးကြလော့။ ကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ် နှင့်စမ်းပေါက်များကိုလည်းကောင်းဖန်ဆင်း တော်မူသောအရှင်ကိုရှိခိုးကြလော့'' ဟု အသံကျယ်စွာကြွေးကြော်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 22:12ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
Joshua 7:19ယောရှုကသူ့အား``ငါ့သား၊ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားရှေ့တော်တွင်မှန်ရာကိုပြော၍ဝန်ခံ လော့။ သင်ပြုခဲ့သည့်အမှုကိုမထိမ်မချန် ဘဲငါ့အားထုတ်ဖော်ပြောကြားလော့'' ဟု ဆိုလေ၏။
Nehemiah 9:6ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။
Psalms 36:1သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။ ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။
Psalms 95:5ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော ပင်လယ်ကိုလည်းကောင်း၊ မိမိလက်တော်ဖြင့်ပြုပြင်တော်မူသည့်ကုန်းမြေ ကိုလည်းကောင်းအစိုးရတော်မူ၏။
Psalms 146:5ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။