ဗျာဒိတ်ကျမ်း 16:13
ထိုနောက်ငါသည်ဖားနှင့်တူသည့်ညစ်ညမ်းသော နတ်သုံးပါးကိုတွေ့မြင်ရ၏။ သူတို့သည်နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့၏ခံတွင်းအသီး သီးမှထွက်လာကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 8:6ထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။-
Psalms 105:30ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
1 Timothy 4:1နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
2 Peter 2:1ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
Revelation 12:3မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
Revelation 13:1ထိုနောက်ပင်လယ်ထဲမှဦးချိုဆယ်ချောင်း နှင့်ဦးခေါင်းခုနစ်လုံးရှိသော သားရဲတစ် ကောင်တက်လာသည်ကိုငါမြင်ရ၏။ သူ၏ ဦးချိုတစ်ချောင်းစီတွင်သရဖူဆောင်းထား ၏။ သူ၏ဦးခေါင်းတစ်လုံးစီပေါ်၌လည်း ဘုရားသခင်၏အသရေတော်ကိုရှုတ်ချ သည့်အမည်နာမကိုရေးသားထား၏။-