The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 16 › ဗျာဒိတ်ကျမ်း 16:3

ဗျာဒိတ်ကျမ်း 16:3

ထို့​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ဖ​လား​မှ အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​ပင်​လယ်​ရေ​သည်​လူ သေ​၏​သွေး​ကဲ့​သို့​ဖြစ်​လေ​၏။ ပင်​လယ်​ထဲ​ရှိ ရေ​သတ္တဝါ​မှန်​သ​မျှ​သည်​သေ​ကုန်​၏။

Common Language Bible

In The King James Version

And the second angel poured out his vial upon the sea; and it became as the blood of a dead man: and every living soul died in the sea.

In Context

2ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။

4ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​ဖ​လား​မှ​အ​မျက်​တော်​ကို​မြစ်​များ၊ စမ်း ပေါက်​များ​ပေါ်​သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ ရေ​တို့​သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-

Read all of ဗျာဒိတ်ကျမ်း 16

Cross References

Exodus 7:17အ​ရှင်​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း ယ​ခု​ငါ​ပြု မည့်​အ​မှု​ဖြင့်​သင်​သိ​ရ​လိမ့်​မည်​ဟု​မိန့်​တော် မူ​ပြီ။ ကျွန်ုပ်​သည်​ဤ​တောင်​ဝှေး​နှင့်​မြစ်​ရေ​ကို ရိုက်​သ​ဖြင့်​ရေ​သည်​သွေး​ဖြစ်​လိမ့်​မည်။-

Psalms 105:29ကိုယ်​တော်​သည်​သူ​တို့​၏​မြစ်​များ​ကို​သွေး အ​တိ ဖြစ်​စေ​တော်​မူ​၍ ငါး​ရှိ​သ​မျှ​တို့​ကို​သေ​စေ​တော်​မူ​၏။

Revelation 8:8ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ မီး​လျှံ​ထ​နေ​သော တောင်​ကြီး​ခန့်​ကြီး​မား​သော​မီး​လုံး​ကြီး ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​သ​ကဲ့​သို့ ဖြစ်​ပြီး​လျှင် ပင်​လယ်​ရေ​သုံး​ပုံ​တစ်​ပုံ သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-

Revelation 11:6ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 16:3

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 16:2ဗျာဒိတ်ကျမ်း 16ဗျာဒိတ်ကျမ်း 16:4 →