ဗျာဒိတ်ကျမ်း 18:12
သူတို့၏ကုန်ပစ္စည်းများကားရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ မရမ်းစေ့ရောင်ပိုး ထည်၊ ဖဲနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းအမျိုးမျိုး၊-
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 2:8အဆွေတော်၏သစ်ခုတ်သမားများသည် အဘယ်မျှကျွမ်းကျင်သည်ကိုကျွန်ုပ်သိပါ၏။ သို့ဖြစ်၍လေဗနုန်တောမှသစ်ကတိုး၊ ထင်း ရှူးနှင့်အာလဂုံသစ်များကိုပေးပို့စေလို ပါသည်။ ကျွန်ုပ်တည်ဆောက်ရန်ကြံရွယ်သည့် ဗိမာန်တော်သည်ကြီးကျယ်ခမ်းနားမည်ဖြစ် ၍သစ်သားအမြောက်အမြားကိုရွေးရာတွင် အဆွေတော်၏လူတို့အားဝိုင်းဝန်းကူညီ ရန်ကျွန်ုပ်၏လူတို့ကိုစေလွှတ်ပေးပါမည်။-
Ezekiel 27:5သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။