ဗျာဒိတ်ကျမ်း 18:14
ကုန်သည်ကြီးများကထိုမြို့အား``သင်လိုချင် တောင့်တသည့်အရာများသည်မရှိတော့ပြီ။ စည်း စိမ်ချမ်းသာဂုဏ်ကျက်သရေတို့သည်လည်းကွယ် ပျောက်သွားလေပြီ။ ထိုအရာများကိုသင်သည် နောက်တစ်ဖန်ရရှိတော့မည်မဟုတ်'' ဟုဆို ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 11:34ထိုအရပ်တွင်အသားကိုတောင့်တသူတို့၏ အလောင်းများကိုမြုပ်နှံခဲ့ရသဖြင့် ကိဗြုတ် ဟတ္တဝါသို့မဟုတ်တောင့်တသူတို့၏သင်္ချိုင်း ဟူ၍နာမည်မှည့်ခေါ်လေ၏။
Psalms 106:14သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။
Luke 16:25``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
James 4:2သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-