The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 18 › ဗျာဒိတ်ကျမ်း 18:7

ဗျာဒိတ်ကျမ်း 18:7

သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။

Common Language Bible

In The King James Version

How much she hath glorified herself, and lived deliciously, so much torment and sorrow give her: for she saith in her heart, I sit a queen, and am no widow, and shall see no sorrow.

In Context

6သင်​တို့​အား​သူ​ပြု​ကျင့်​သည့်​အ​တိုင်း သူ့​အား​လက်​စား​ချေ​ကြ​လော့။ သူ​ပြု​ကျင့်​သည်​ထက်​နှစ်​ဆ​လက်​စား​ချေ ကြ​လော့။ သင်​တို့​အ​တွက်​ဖ​လား​တွင်​သူ​ရော​စပ်​ပေး​သည့် သောက်​သုံး​စ​ရာ​ထက်​နှစ်​ဆ​ပြင်း​အောင်​သူ့ အ​တွက် ရော​စပ်​ပေး​ကြ​လော့။

8ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။

Read all of ဗျာဒိတ်ကျမ်း 18

Cross References

Psalms 45:9အ​ရှင်​မင်း​ကြီး​၏​မောင်း​မ​တော်​တို့​တွင် အ​ပြည်​ပြည်​မှ​မင်း​သ​မီး​များ​ပါ​ဝင်​ပါ​၏။ ရာ​ဇ​ပလ္လင်​တော်​၏​လက်​ယာ​ဘက်​တွင် ရွှေ​စင်​ဖြင့်​ပြီး​သော​တန်​ဆာ​များ​ကို​ဆင်​ယင်​ကာ မိ​ဖု​ရား​ကြီး​သည်​ရှိ​နေ​ပါ​၏။

Isaiah 47:1``အို ဗာ​ဗု​လုန်​မြို့​တည်း​ဟူ​သော​အ​မျိုး​သ​မီး၊ သင်​သည်​ရာ​ဇ​ပလ္လင်​ပေါ်​မှ​ဆင်း​၍ မြေ​ကြီး​ပေါ်​တွင်​ထိုင်​လော့။ အ​ခါ​တစ်​ပါး​က​သင်​သည်​အ​နှောင့်​အ​ယှက် မ​ခံ​ရ​ဘူး​သည့်​အ​ပျို​စင်​ဖြစ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​သည်​ပျော့​ပျောင်း​သိမ်​မွေ့​သူ မ​ဟုတ်​တော့​ပေ။ သင်​သည်​ယ​ခု​ကျွန်​ဘ​ဝ​ရောက်​ခဲ့​ပေ​ပြီ။

Jeremiah 13:18ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-

Ezekiel 23:34သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။

Zephaniah 2:15ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 18:7

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 18:6ဗျာဒိတ်ကျမ်း 18ဗျာဒိတ်ကျမ်း 18:8 →