ဗျာဒိတ်ကျမ်း 19:2
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 32:35ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
2 Kings 9:7ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
Isaiah 25:1အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
Revelation 15:3သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
Revelation 17:1ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-
Revelation 18:3အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။