ဗျာဒိတ်ကျမ်း 19:4
ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Nehemiah 5:13ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
Psalms 41:13ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
Psalms 89:52ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။ အာမင်၊ အာမင်။
Jeremiah 28:6``သင်ပြောသည့်အတိုင်းပင်ဖြစ်ပါစေသော။ ထာဝရဘုရားသည် ဤအတိုင်းပင်ပြုတော် မူလိမ့်မည်ဟုလည်းငါမျှော်လင့်ပါ၏။ ကိုယ် တော်သည်သင်၏ဟောကြားချက်များကို အကောင်အထည်ပေါ်စေတော်မူလိမ့်မည် ဟူ၍လည်းကောင်း၊ ဗာဗုလုန်မြို့သို့သိမ်း ယူသွားသောဗိမာန်တော်ဘဏ္ဍာများနှင့် သုံ့ပန်းအဖြစ်ဖမ်းဆီးသွားသည့်သူ အပေါင်းတို့အား ပြန်လည်ခေါ်ဆောင်လာ တော်မူလိမ့်မည်ဟူ၍လည်းကောင်းငါ မျှော်လင့်ပါ၏။-
Matthew 28:20သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
Revelation 4:4ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။-