ဗျာဒိတ်ကျမ်း 2:21
နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။-
Common Language Bible
In The King James Version
And I gave her space to repent of her fornication; and she repented not.
In Context
Cross References
Romans 2:4သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
1 Peter 3:20ထိုဝိညာဉ်တို့ကားသင်္ဘောကိုနောဧတည်ဆောက် လျက်နေစဉ်တွင် သည်းခံစောင့်ဆိုင်းလျက်နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဉ်များပင်ဖြစ်သတည်း။ သို့ ရာတွင်ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူ များမှာသင်္ဘောပေါ်တွင်အနည်းငယ်သာရှိ ၍အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာ ဖြစ်၏။-
2 Peter 3:15ငါတို့ချစ်သောညီအစ်ကိုပေါလုသည်ဘုရား သခင်ပေးသနားတော်မူသည့်ဉာဏ်ပညာဖြင့် သင်တို့အားရေးသားဖော်ပြခဲ့သည့်အတိုင်း ငါတို့ထာဝရဘုရားသည်စောင့်ဆိုင်းသည်းခံ တော်မူသည်မှာ သင်တို့ကယ်တင်ခြင်းခံရရန် အတွက်အခါအခွင့်ပေးခြင်းပင်ဖြစ်ကြောင်း မှတ်ယူကြလော့။-
Revelation 16:9လူတို့သည်အားကြီးသောအပူရှိန်ဖြင့်ကျွမ်း လောင်ခြင်းခံရသဖြင့် ဘေးဒဏ်တို့ကိုအစိုးရ သောဘုရားသခင်၏နာမတော်ကိုကျိန်ဆဲ ကြ၏။ သို့ရာတွင်သူတို့သည်နောင်တလည်း မရကြ။ ကိုယ်တော်၏ဂုဏ်တော်ကိုမချီးမွမ်း ကြ။