ဗျာဒိတ်ကျမ်း 21:27
သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 13:46သူ၏ကိုယ်၌ထိုရောဂါစွဲနေသည့်ကာလ ပတ်လုံး သူသည်မသန့်ရှင်းသဖြင့် လူသူနှင့် ဝေးရာစခန်းအပြင်၌ထွက်၍နေထိုင်ရမည်။
Numbers 12:15ထို့ကြောင့်မိရိအံကိုစခန်းအပြင်သို့ ခုနစ် ရက်မျှသီးခြားနေထိုင်ရန်ထုတ်ထားကြသည်။ သူစခန်းထဲသို့ပြန်ရောက်မှလူများတို့သည် ခရီးဆက်ကြလေသည်။-
Isaiah 35:8ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
Isaiah 60:21သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
Joel 3:17ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ ထိုအခါငါသည်သင်တို့၏ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်ပေါ်တွင်ကျိန်းဝပ်တော်မူပေသည်။ ယေရုရှလင်မြို့သည်သန့်ရှင်းမြင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့သည်ထိုမြို့ကိုနောက်တစ်ဖန် အဘယ်အခါ၌မျှနိုင်နင်းရကြလိမ့်မည် မဟုတ်။
Matthew 13:41လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊-