ဗျာဒိတ်ကျမ်း 21:9
ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
Cross References
Revelation 15:1ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
Revelation 17:1ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-
Revelation 21:2ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-