ဗျာဒိတ်ကျမ်း 3:2
သို့ဖြစ်၍နိုးထလော့။ သင်၏ကျန်ရှိနေသေး သည့်အသက်မချုပ်ငြိမ်းမီအင်အားဖြည့် တင်း၍ပေးလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှေ့တော်၌အပြစ်ဆို စရာရှိသေးသည်ကိုငါတွေ့မြင်ရသည်။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 3:28ယောရှုအားတာဝန်လွှဲအပ်လော့။ သူသည်ဤလူ မျိုးကိုခေါင်းဆောင်၍ သင်မြင်သောပြည်သို့ ဖြတ်ကူးသိမ်းယူရမည်ဖြစ်သောကြောင့်သူ့ ကိုအားပေးလော့။ ကြံ့ခိုင်စေလော့' ဟုငါ့ အားမိန့်တော်မူ၏။''
1 Kings 15:3အဘိယသည်မိမိ၏ခမည်းတော်ကူးခဲ့သည့် အပြစ်များကိုဆက်လက်၍ကူးလွန်၏။ သူသည် မိမိ၏ဘုရားသခင်ထာဝရဘုရားအား ဘေးတော်ဒါဝိဒ်ကဲ့သို့အကြွင်းမဲ့သစ္စာမစောင့်။-
Job 4:4သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
Isaiah 35:3နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
Isaiah 57:12သင်တို့ကမိမိတို့ပြုသည့်အမှုကိုမှန်သည် ဟုထင်မှတ်ကြ၏။ သို့ရာတွင်သင်တို့၏အကျင့် ကို ငါဖွင့်ဟထုတ်ဖော်လိုက်သောအခါ သင်တို့ ၏ရုပ်တုများသည်သင်တို့အားကူမနိုင် ကြလိမ့်မည်မဟုတ်။-
Ezekiel 34:8ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-