ဗျာဒိတ်ကျမ်း 3:4
သို့ရာတွင်သာဒိမြို့၌မိမိတို့အဝတ်ကို အညစ်အကြေးနှင့်ကင်းစင်စေသူအနည်း ငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သူများ ဖြစ်သဖြင့်ဝတ်ဖြူစင်ကြယ်ကိုဝတ်၍ငါ နှင့်အတူသွားလာရကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 19:18သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
Psalms 68:14အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဇာလမုန်တောင်ပေါ်တွင်ဘုရင်မင်းတို့ကို ကွဲလွင့်စေတော်မူသောအခါထိုတောင်ပေါ် တွင် မိုးပွင့်များကျစေတော်မူ၏။
Isaiah 1:9အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
Isaiah 59:6ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
Isaiah 61:10ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
Zechariah 3:3ယောရှုသည်ညစ်ပေနေသောအဝတ်များကို ဝတ်လျက် ထိုအရပ်တွင်ရပ်၍နေ၏။-