ဗျာဒိတ်ကျမ်း 5:11
ထိုနောက်ငါကြည့်လိုက်သောအခါပလ္လင်တော် ပတ်လည်၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲများ၏ပတ်လည်၌လည်းကောင်း ရပ်လျက်နေသောကောင်းကင်တမန်များ၏ အသံကိုကြားရ၏။ ထိုကောင်းကင်တမန် များ၏အရေအတွက်မှာသိန်းသန်းကုဋေ မကအတိုင်းမသိများပြား၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 22:19မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
Psalms 68:17ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
Psalms 148:2ကောင်းကင်တမန်အပေါင်းတို့၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Hebrews 12:22သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
Revelation 4:6ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
Revelation 5:6ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-