ဗျာဒိတ်ကျမ်း 5:13
ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။-
Common Language Bible
In The King James Version
In Context
14သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။
Cross References
Psalms 72:18ဣသရေလအမျိုးသားတို့၏ဘုရားတည်း ဟူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သာလျှင်ဤသို့အံ့သြဖွယ်ကောင်းသည့် အမှုတို့ကိုပြုတော်မူ၏။
Psalms 148:2ကောင်းကင်တမန်အပေါင်းတို့၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Isaiah 42:10သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
Luke 2:14``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
Romans 11:36ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ခပ်သိမ်းသောအရာတို့ သည်ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ် တော်၏အတွက်လည်းကောင်းတည်လျက် ရှိကြ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုန်း အသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။