ဗျာဒိတ်ကျမ်း 6:5
သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:26ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
Ezekiel 4:10သင်သည်တစ်ရက်လျှင်မုန့်ရှစ်အောင်စမျှ စားနိုင်ခွင့်ရှိ၏။-
Zechariah 6:2ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-
Revelation 4:6ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
Revelation 5:9``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။