The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 8 › ဗျာဒိတ်ကျမ်း 8:12

ဗျာဒိတ်ကျမ်း 8:12

စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။

Common Language Bible

In The King James Version

And the fourth angel sounded, and the third part of the sun was smitten, and the third part of the moon, and the third part of the stars; so as the third part of them was darkened, and the day shone not for a third part of it, and the night likewise.

In Context

11(ယင်း​ကြယ်​ကို``ခါး​ခြင်း'' ဟု​ခေါ်​၏) သုံး​ပုံ​တစ် ပုံ​သော​ရေ​တို့​သည်​ရေ​ခါး​အ​ဖြစ်​သို့​ပြောင်း လဲ​သွား​ကြ​၏။ များ​စွာ​သော​လူ​တို့​သည်​ထို ရေ​ခါး​ကို​သောက်​သ​ဖြင့်​သေ​ကြ​ကုန်​၏။

13ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ကောင်း​ကင် အ​လယ်​တွင် ပျံ​ဝဲ​လျက်​နေ​သော​လင်း​ယုန်​ငှက် တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​ငှက်​က``အ​ခြား​ကောင်း ကင်​တ​မန်​သုံး​ပါး​မှုတ်​ကြ​မည့်​တံ​ပိုး​ခ​ရာ​သံ သုံး​ချက်​ကြောင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​သတ္တ​ဝါ​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​သံ ကျယ်​စွာ​ပြော​ဆို​နေ​သည်​ကို​ငါ​ကြား​ရ​၏။

Read all of ဗျာဒိတ်ကျမ်း 8

Cross References

Exodus 10:21ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ ဂျစ်​ပြည်​တွင်​အ​လွန်​ထူ​ထပ်​သော​အ​မှောင်​ထု ဖုံး​လွှမ်း​စေ​ရန် သင်​၏​လက်​ကို​ကောင်း​ကင်​သို့ ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။-

Isaiah 24:23အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​နန်း စံ​တော်​မူ​တော့​မည်​ဖြစ်​၍ လ​သည်​မိုက်​လျက် နေ​လိမ့်​မည်။ နေ​သည်​လည်း​နောက်​တစ်​ဖန်​ထွန်း လင်း​တော့​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​ယေ​ရု ရှ​လင်​မြို့၊ ဇိ​အုန်​တောင်​ပေါ်​တွင်​စိုး​စံ​တော် မူ​လိမ့်​မည်။ ပြည်​သူ​တို့​၏​ဦး​စီး​ခေါင်း​ဆောင် များ​သည်​လည်း ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ဖူး​မြင်​ရ​ကြ​လိမ့်​မည်။

Ezekiel 32:7သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-

Joel 2:31ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​နေ့​ကြီး မ​ကျ​မ​ရောက်​မီ၊ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် လည်း သွေး​ကဲ့​သို့​နီ​မြန်း​၍​လာ​လိမ့်​မည်။

Amos 8:9ငါ​သည်​ထို​နေ့​တွင်​မွန်း​တည့်​အ​ချိန်​၌​နေ​ကို ဝင်​စေ​ပြီး​နေ့​အ​ချိန်​မှာ​ပင် မြေ​တစ်​ပြင်​လုံး ၌​အ​မှောင်​ဖုံး​သွား​စေ​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

Matthew 24:29``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 8:12

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 8:11ဗျာဒိတ်ကျမ်း 8ဗျာဒိတ်ကျမ်း 8:13 →