ရောမဩဝါဒစာ 1:17
ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
Common Language Bible
In The King James Version
In Context
Cross References
Habakkuk 2:4ဗျာဒိတ်တော်ကား`သူယုတ်မာတို့သည်အသက်မရှင်နိုင်ကြ။ သူတော်ကောင်းတို့မူကားဘုရားသခင်ကိုသစ္စာစောင့်သောကြောင့်အသက်ရှင်ရကြလိမ့်မည်' ဟူ၍လာသတည်း။''
Romans 3:3အကယ်၍ထိုသူအချို့တို့သည်သစ္စာမဲ့ကြ ခြင်းကြောင့် ဘုရားသခင်သည်လည်းသစ္စာမဲ့ တော်မူမည်ဟုဆိုရမည်လော။-
Romans 9:30ငါတို့ဆိုလိုသည်မှာဤသို့တည်း။ ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံနိုင်ရန်မကြိုး ပမ်းသောလူမျိုးခြားတို့သည် ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြ၏။-
Hebrews 11:6ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။