ရောမဩဝါဒစာ 1:25
သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 145:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
Jeremiah 10:14ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
Jeremiah 16:19အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
Habakkuk 2:18ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-%
Matthew 10:37မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-
Romans 1:18အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-