ရောမဩဝါဒစာ 1:4
ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Luke 18:31သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူပြီးလျှင် ``နားထောင်ကြလော့။ ငါ တို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက် ရှိကြ၏။ လူသားအကြောင်းနှင့်ပတ်သက်၍ ပရောဖက်များဖော်ပြခဲ့သည့်အမှုအရာ အလုံးစုံတို့သည်ဖြစ်ပျက်ရလိမ့်မည်။-
John 2:18ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
Acts 2:32ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
Acts 4:10နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
Romans 1:3ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-