ရောမဩဝါဒစာ 1:9
သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
Common Language Bible
In The King James Version
In Context
Cross References
Job 16:19ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
Luke 18:1ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
Acts 3:26သို့ဖြစ်၍သင်တို့သည်ဆိုးညစ်သောအမှုတို့ ကိုစွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရ စေရန်ဘုရားသခင်သည် မိမိ၏အစေခံကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏'' ဟု ပေတရုဟောပြောလေသည်။
Acts 19:21ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
Acts 27:23ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
1 Corinthians 14:14ငါသည်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ဆုတောင်းပတ္ထနာပြုသောအခါ ငါ၏စိတ် နှလုံးသည်ဆုတောင်းပတ္ထနာပြုလျက်နေသော် လည်းငါ၏အသိဉာဏ်မူကားပါဝင်မှုမရှိ။-