ရောမဩဝါဒစာ 10:1
ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။-
Common Language Bible
In The King James Version
Brethren, my heart’s desire and prayer to God for Israel is, that they might be saved.
In Context
Cross References
Exodus 32:13ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
Jeremiah 17:16သို့ရာတွင်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး သည်သိုးထိန်းအဖြစ်မှရှောင်လွှဲခဲ့ခြင်းမရှိပါ။ ဆင်းရဲဒုက္ခရောက်မည့်နေ့ကိုမတောင့်တခဲ့ ကြောင်းကိုလည်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော်မျိုးနှုတ်မှထွက်သည့်စကားများ ကိုကိုယ်တော်ရှင်သိတော်မူပါ၏။-
Luke 13:34``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
Romans 9:1ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-