ရောမဩဝါဒစာ 10:21
သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 9:13``တစ်ဖန်ထာဝရဘုရားက ငါ့အား`သူတို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။-
1 Samuel 8:7ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
Proverbs 1:24ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
Jeremiah 25:4ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
Jeremiah 44:4ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့ အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားငါမုန်း ထားစက်ဆုပ်သည့်အမှုကိုမပြုရန်ပြော ကြားခဲ့ကြ၏။-
Matthew 21:33``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-