ရောမဩဝါဒစာ 10:9
သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Matthew 10:32``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။-
John 6:69ထိုမှတစ်ပါးလည်းကိုယ်တော်ရှင်သည်ထာဝရ ဘုရားထံမှကြွလာသောသန့်ရှင်းသောအရှင် ဖြစ်တော်မူသည်ကို ယခုအကျွန်ုပ်တို့ယုံကြည် သိမြင်ကြပါပြီ'' ဟုလျှောက်၏။
John 12:42သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
Acts 2:24သို့ရာတွင်ထိုအရှင်ကိုသေမင်းသည်အစဉ် အမြဲချုပ်နှောင်ထားရန်မဖြစ်နိုင်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အားသေခြင်း၏တန်ခိုး မှလွတ်မြောက်စေ၍ရှင်ပြန်ထမြောက်စေတော် မူ၏။-
Acts 16:31သူတို့ကလည်း ``သခင်ယေရှုကိုယုံကြည် လော့။ သို့ယုံကြည်လျှင်သင်နှင့်တကွသင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်'' ဟုဆိုပြီးနောက်၊-
Romans 14:11ကျမ်းစာတော်တွင်၊ ``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' '' ဟူ၍ဆိုသည်။-