ရောမဩဝါဒစာ 14:19
သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 34:14ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။
Matthew 5:9``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
Romans 12:18လူတိုင်းနှင့်တတ်နိုင်သမျှငြိမ်းချမ်းစွာနေ ထိုင်ကြလော့။-
1 Corinthians 7:15သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-
1 Corinthians 14:12သင်တို့သည်ဝိညာဉ်တော်ဆုကျေးဇူးများကို လိုလားတောင့်တကြသည့်အလျောက်အသင်း တော်ကြီးပွားတိုးတက်မှုကို အထောက်အကူ ပြုမည့်ဆုကျေးဇူးများကိုပို၍အသုံးပြု ရန်ကြိုးစားကြလော့။-
2 Corinthians 12:19ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-