ရောမဩဝါဒစာ 14:9
အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 53:10ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
Luke 24:26မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-
John 5:27သားတော်သည်လူသားဖြစ်တော်မူသည်နှင့် အညီ တရားစီရင်ပိုင်သောတန်ခိုးအပ်နှင်း ခြင်းကိုခံရ၏။-
Acts 10:42ကိုယ်တော်သည်လူတို့အားသတင်းကောင်းကို ကြေညာရန်နှင့် ကိုယ်တော်သည်အသက်ရှင်နေ သူ၊ သေလွန်သူများကိုတရားစီရင်သော သခင်အဖြစ်ဖြင့် ဘုရားသခင်ခန့်ထားတော် မူကြောင်းဟောပြောသက်သေခံရန် ငါတို့ အားပညတ်ပေးတော်မူခဲ့၏။-
Ephesians 1:20ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။-
2 Timothy 4:1ဘုရားသခင်၏ရှေ့တော်မှောက်၌လည်းကောင်း သေသူရှင်သူတို့ကိုတရားစီရင်တော်မူမည့် ခရစ်တော်ယေရှု၏ရှေ့တော်မှောက်၌လည်း ကောင်း ကိုယ်တော်သည်အုပ်စိုးရန်ဘုရင်အဖြစ် ကြွလာမည်ဖြစ်၍သင့်အားငါသစ္စာပေး၏။-