ရောမဩဝါဒစာ 15:12
တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:27လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
Psalms 72:17မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
Isaiah 11:10ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
Isaiah 49:6ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
Jeremiah 17:5ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။