ရောမဩဝါဒစာ 15:14
ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Corinthians 8:1သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
1 Corinthians 8:10အကယ်၍ဤကိစ္စမျိုး၌စိတ်မသိုးမသန့် ဖြစ်သူသည် ``အသိပညာ'' ရှိသူသင်တို့က နတ်ကွန်းအတွင်း၌ထိုင်လျက်စားသောက်နေ သည်ကိုတွေ့ရှိသောအခါ ရုပ်တုအားဆက်သ သည့်ပူဇော်သကာကိုစားရဲလာမည်မဟုတ် ပါလော။-
1 Corinthians 13:2ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-
Philippians 1:7သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-
Colossians 1:8ဝိညာဉ်တော်မှရရှိသောသင်တို့၏မေတ္တာ အကြောင်းကိုငါတို့အားသူပြောပြ၏။
1 Thessalonians 5:11သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။