ရောမဩဝါဒစာ 15:25
ယခုမှာမူမာကေဒေါနိပြည်နှင့်ဂရိပြည်ရှိ အသင်းတော်တို့က ယေရုရှလင်မြို့ရှိဘုရား သခင်၏လူစုတော်ထဲတွင် ဆင်းရဲသောတပည့် တော်တို့အားစေတနာအလျောက်ပေးလှူထောက် ပံ့ရန်ဆုံးဖြတ်သဖြင့် ထိုမြို့ရှိတပည့်တော်တို့ အားထောက်ပံ့ရန်ငါသွားမည်။-
Common Language Bible
In The King James Version
But now I go unto Jerusalem to minister unto the saints.
In Context
Cross References
Acts 18:21``ဘုရားသခင်အလိုတော်ရှိလျှင်သင်တို့ ထံသို့ငါပြန်လာခဲ့မည်'' ဟုဆိုပြီးလျှင် သင်္ဘောလွှင့်လေ၏။-
Acts 20:16ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
Acts 24:17``အကျွန်ုပ်သည်ယေရုရှလင်မြို့မှထွက်ခွာ ၍နှစ်ပေါင်းများစွာကြာပြီးနောက် မိမိ၏ အမျိုးသားချင်းများအတွက်အလှူငွေ ယူဆောင်လာရန်အတွက်လည်းကောင်း၊ ဘုရား သခင်အားပူဇော်သကာဆက်သရန်အတွက် လည်းကောင်းပြန်လည်ရောက်ရှိလာပါ၏။-
1 Corinthians 16:1ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
Galatians 2:10ငါတို့သည်ဆင်းရဲသူတို့ကိုသတိရ ကူညီမစရန်သူတို့အလိုရှိ၏။ ထိုသို့ ဆောင်ရွက်ရန်ငါလည်းစိတ်စေတနာ ထက်သန်၏။