ရောမဩဝါဒစာ 15:27
ယင်းသို့သူတို့ဆုံးဖြတ်ကြသည်မှာမိမိတို့စေ တနာအလျောက်သာလျှင်ဖြစ်ပေသည်။ အမှန်အား ဖြင့်ဆိုသော်ထိုဆင်းရဲသောသူတို့အားကူညီ မစရန်သူတို့မှာတာဝန်ရှိ၏။ ယုဒအမျိုးသား တို့သည်မိမိတို့ခံစားရသည့်ဝိညာဉ်ဆုကျေးဇူး များကိုလူမျိုးခြားတို့အားဝေမျှကြသည်ဖြစ်ရာ လူမျိုးခြားတို့ကလည်းယုဒအမျိုးသားတို့အား စားဝတ်နေရေးကိစ္စတွင်အကူအညီပေးသင့် ကြပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Romans 11:17လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
Galatians 6:6တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။