ရောမဩဝါဒစာ 4:15
ပညတ်တရားသည်ဘုရားသခင်၏အမျက် တော်ကိုဖြစ်ပွားစေ၏။ သို့ရာတွင်တရား ဥပဒေမရှိလျှင်တရားဥပဒေကိုချိုး ဖောက်ခြင်းလည်းမရှိနိုင်။
Common Language Bible
In The King James Version
Because the law worketh wrath: for where no law is, there is no transgression.
In Context
Cross References
Deuteronomy 29:20ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
Jeremiah 4:8သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
Ezekiel 7:19သူတို့သည်မိမိတို့၏ရွှေ၊ ငွေများကိုအမှိုက် သရိုက်သဖွယ် လမ်းများပေါ်သို့လွှင့်ပစ်လိုက် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားအမျက်ထွက်တော်မူရာကာလ၌ သူတို့၏ ရွှေ၊ ငွေ၊ များသည်သူတို့အားမကယ် နိုင်သောကြောင့်ဖြစ်၏။ သူတို့သည်မိမိတို့ အဆာပြေစေရန်အတွက်သော်လည်းကောင်း၊ မိမိတို့ဝမ်းကိုဖြည့်တင်းမှုအတွက်သော် လည်းကောင်း ရွှေ၊ ငွေ၊ များကိုအသုံးမပြု နိုင်ကြ။ ရွှေငွေတို့သည်သူတို့အားအပြစ် ဒုစရိုက်ကိုပြုစေ၏။-
John 3:36သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
Acts 17:30ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
Romans 2:5သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-