ရောမဩဝါဒစာ 5:15
သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Isaiah 53:11သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
Daniel 12:2သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
Matthew 26:28ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
John 4:10သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
Romans 5:12အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
Romans 6:23အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။