ရောမဩဝါဒစာ 5:8
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
Common Language Bible
In The King James Version
But God commendeth his love toward us, in that, while we were yet sinners, Christ died for us.
In Context
Cross References
Isaiah 53:6ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
John 15:13မိမိ၏မိတ်ဆွေအတွက်အသက်ကိုစွန့်သော မေတ္တာထက်ကြီးမြတ်သည့်မေတ္တာမရှိတော့ ပြီ။-
Romans 4:25ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။
Romans 5:20အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
Ephesians 2:7ဤသို့ပြုတော်မူခြင်းမှာခရစ်တော်ယေရှုအားဖြင့် ငါတို့အားမေတ္တာပြတော်မူရာ၌ကိုယ်တော်၏ ကျေးဇူးတော်သည်သာမန်ထက်လွန်ကဲသည်ကို နောင်ကာလအစဉ်အဆက်လူတို့သိမြင်နိုင် ကြစေရန်ပင်ဖြစ်သည်။-
1 Peter 3:18အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-