ရောမဩဝါဒစာ 7:1
ညီအစ်ကိုတို့၊ သင်တို့သည်တရားဥပဒေ များအကြောင်းကိုသိထားသူများဖြစ်၍ ငါ ယခုပြောဆိုမည့်အကြောင်းအရာကိုနား လည်ကြလိမ့်မည်။ လူသည်အသက်ရှင်လျက် နေသမျှကာလပတ်လုံးတရားဥပဒေ များ၏အာဏာစက်အောက်တွင်ရှိ၏။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 6:23အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
Romans 2:17သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
Romans 6:14အပြစ်တရားသည်သင်တို့အားအစိုးမရစေ နှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ပညတ် တရားလက်အောက်၌မရှိ။ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ရှိကြသော ကြောင့်တည်း။
1 Corinthians 9:8ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။-