ရောမဩဝါဒစာ 7:23
သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
Common Language Bible
In The King James Version
In Context
22ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။-
24သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။-
Cross References
Ecclesiastes 7:20အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
Romans 6:19(သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။
Romans 7:14ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။-
Romans 7:25ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။ အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။
Galatians 5:17အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-
2 Timothy 2:25မိမိအားဆန့်ကျင်ဘက်ပြုသူများကိုနူးညံ့ သိမ်မွေ့စွာဆုံးမတတ်သူဖြစ်ရမည်။ သူတို့သည် နောင်တရ၍သမ္မာတရားကိုသိရှိလာနိုင်ခွင့် ကိုဘုရားသခင်သည်သူတို့အားပေးကောင်း ပေးတော်မူလိမ့်မည်။-