ရောမဩဝါဒစာ 8:23
အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Luke 21:28ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
Romans 7:24သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။-
Romans 8:19ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။-
2 Corinthians 5:2ဤယာယီတဲတွင်နေထိုင်စဉ်ကောင်းကင်ဘုံ အိမ်ကိုအလွန်တောင့်တသဖြင့် ငါတို့သည် ညည်းတွားလျက်နေကြ၏။-
Galatians 5:5ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-
Ephesians 1:14ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။