ရောမဩဝါဒစာ 8:26
ထိုနည်းအတိုင်းပင်ဝိညာဉ်တော်သည်လည်း အားနည်းသော ငါတို့အားကူမရန်ကြွလာ တော်မူ၏။ ငါတို့သည်အဘယ်သို့ဆုတောင်း ရမည်ကိုမသိကြ။ နှုတ်ဖြင့်မြွက်ဆိုဖော်ပြ ရန်မဖြစ်နိုင်သောညည်းတွားသံဖြင့် ဝိညာဉ် တော်ကိုယ်တိုင်ပင်လျှင်ငါတို့အတွက် ဘုရားသခင်ထံအသနားခံတော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 6:3ကျွန်တော်မျိုးသည်ကိုယ်စိတ်နှစ်ပါးပြင်းပြစွာ ဝေဒနာခံစားလျက်ရှိပါ၏။ အို ထာဝရဘုရား၊ အဘယ်ကာလကြာမှကျွန်တော်မျိုးအား ကူမတော်မူပါမည်နည်း။
Psalms 10:17အို ထာဝရဘုရား၊ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူလျက် သူတို့အားရဲစွမ်းသတ္တိကိုပေးတော်မူလိမ့် မည်။
Psalms 55:1အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
Psalms 77:1ငါသည်ဘုရားသခင်ထံတော်သို့ကျယ်စွာ အော်ဟစ်၏။ ငါသည်ကျယ်စွာအော်ဟစ်သဖြင့် ကိုယ်တော်ကြားတော်မူ၏။
Psalms 102:5ကျွန်တော်မျိုးသည်အသံကျယ်စွာညည်းညူ ရပါ၏။ ကျွန်တော်မျိုးမှာအရိုးနှင့်အရေသာလျှင် ရှိပါတော့သည်။
Psalms 119:81အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကယ်တော် မူမည်ကို စောင့်ဆိုင်းရ၍အားအင်ကုန်ခန်းလက်ရှိပါ၏။ ကွန်တော်မျိုးသည်နှုတ်ကပတ်တော်ကို ကိုးစားပါ၏။