ရောမဩဝါဒစာ 9:23
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Luke 1:17ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
Romans 5:20အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
Ephesians 1:6ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
Ephesians 2:3အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
Ephesians 2:10ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
Ephesians 3:16ကိုယ်တော်သည်ဘုန်းအသရေတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား စိတ်ဋ္ဌာတ်ကြံ့ခိုင်လာစေစိမ့်သောငှာဝိညာဉ် တော်အားဖြင့်တန်ခိုးစွမ်းရည်ကိုပေးသနား တော်မူရန်ငါသည်ဆုတောင်းပတ္ထနာပြု၏။-