The Bible Software
bible.software › 1 ရုသဝတ္ထု › 1 ရုသဝတ္ထု 2 › 1 ရုသဝတ္ထု 2:20

1 ရုသဝတ္ထု 2:20

နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။

Common Language Bible

In The King James Version

And Naomi said unto her daughter in law, Blessed be he of the LORD, who hath not left off his kindness to the living and to the dead. And Naomi said unto her, The man is near of kin unto us, one of our next kinsmen.

In Context

19နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။

21ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။

Read all of 1 ရုသဝတ္ထု 2

Cross References

Deuteronomy 25:5``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။-

Ruth 3:10ဗော​ဇ​က​လည်း``သင့်​ကို​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ။ ယ​ခု​သင်​ပြု သော​အ​မှု​သည် ယ​ခင်​က​သင့်​ယောက္ခ​မ​အား ပြု​ခဲ့​သည့်​အ​မှု​ထက်​ပင်​ပို​၍ သင်​၏​သစ္စာ​ရှိ မှု​ကို​ပေါ်​လွင်​စေ​ပါ​၏။ သင်​သည်​ဆင်း​ရဲ​သူ သို့​မ​ဟုတ်​ချမ်း​သာ​သူ လူ​ပျို​လူ​ရွယ်​တစ်​စုံ တစ်​ယောက်​ကို​ရှာ​နိုင်​သော်​လည်း​မ​ရှာ​ခဲ့​ပါ။-

Ruth 4:4ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။

Ruth 4:14အ​မျိုး​သ​မီး​များ​က​နော​မိ​အား``ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက် မြေး​ယောကျာ်း​က​လေး​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​လေ​ပြီ။ ထို​သူ​ငယ် သည် ဣ​သ​ရေ​လ​ပြည်​တွင်​ထင်​ပေါ်​ကျော်​စော သူ​ဖြစ်​လာ​ပါ​စေ​သော။-

2 Samuel 9:1ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။

Job 29:12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ရုသဝတ္ထု 2:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ရုသဝတ္ထု 2:191 ရုသဝတ္ထု 21 ရုသဝတ္ထု 2:21 →