1 ရုသဝတ္ထု 4:11
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 29:16လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
Genesis 35:16ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
Genesis 35:23လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
Genesis 46:8ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊-
Deuteronomy 25:7အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-