1 ရုသဝတ္ထု 4:15
သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
Common Language Bible
In The King James Version
In Context
16နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
Cross References
Genesis 45:11ဂေါရှင်အရပ်သို့ရောက်လျှင်သားကဖခင်အား ပြုစုစောင့်ရှောက်နိုင်ပါမည်။ အစာခေါင်းပါးသည့် နှစ်ငါးနှစ်ကျန်သေးသဖြင့်ဖခင်၏အိမ်သူအိမ် သားများနှင့်သိုး၊ ဆိတ်၊ နွားများပါမကျန်ရိက္ခာ ပြတ်၍ဆင်းရဲဒုက္ခမရောက်စေလိုပါ'' ဟူ၍ ဆိုလေ၏။
Ruth 1:16သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။-
1 Samuel 1:8သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။
Proverbs 18:24အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။