တိတုဩဝါဒစာ 1:15
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Proverbs 21:4ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။
Zechariah 7:5ကိုယ်တော်က``ပြည်သူများနှင့်ယဇ်ပုရော ဟိတ်တို့သည်နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ ပဉ္စမလနှင့်သတ္တမလတို့တွင်အစာရှောင် ၍ဝမ်းနည်းကြေကွဲသည့်အမှတ်လက္ခဏာ ကိုပြခဲ့ကြသည်မှာငါ့အားဂုဏ်ပြုချီး ကူးရန်မဟုတ်။-
Luke 11:39သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
Romans 14:14အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။-
Romans 14:23သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။
1 Corinthians 8:7သို့ရာတွင်လူတိုင်းဤသစ္စာတရားကိုသိရှိ ကြသည်မဟုတ်။ အချို့သောသူတို့သည် ရုပ်တုကိုကိုးကွယ်ခဲ့သည့်အတွက် ယခု တိုင်အောင်ပင်ရုပ်တုအားပူဇော်ပြီးသော အစားအစာကိုစားသောအခါ ရုပ်တု၏ အစားအစာဟုမှတ်ယူလျက်စားနေကြ ၏။ ထို့ကြောင့်သူတို့သည်စိတ်မသိုးမသန့် ဖြစ်ကာ ထိုအစားအစာကမိမိတို့အား ညစ်ညမ်းစေသည်ဟုထင်မှတ်ကြ၏။-