တိတုဩဝါဒစာ 1:5
ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။-
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 6:32သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
Isaiah 44:7ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
Acts 11:30ဤသို့ဆုံးဖြတ်ကြပြီးနောက်ထောက်ပံ့ငွေ များကိုဗာနဗနှင့်ရှောလုမှတစ်ဆင့် ယေရု ရှလင်မြို့အသင်းတော်လူကြီးများထံသို့ ပေးပို့ကြ၏။
Acts 27:7ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။-
Acts 27:21လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-
1 Corinthians 14:40ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။