တိတုဩဝါဒစာ 1:8
ဧည့်သည်ဝတ်ကိုပြုတတ်သူ၊ ကောင်းမြတ်သည့် အရာကိုနှစ်သက်တတ်သူဖြစ်ရမည်။ သူသည် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ ဖြောင့်မတ် ရမည်။ ဘုရားတရားကိုရိုသေကိုင်းရှိုင်းရမည်။ စည်းကမ်းသေဝပ်ရမည်။-
Common Language Bible
In The King James Version
But a lover of hospitality, a lover of good men, sober, just, holy, temperate;
In Context
Cross References
1 Samuel 18:1ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
1 Kings 5:7ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။-
Amos 5:15အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
1 Thessalonians 2:10ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-
1 Timothy 4:12အသက်ငယ်ရွယ်သူဖြစ်သည့်အတွက်သင့် အားအဘယ်သူမျှအထင်မသေးစေနှင့်။ သင် ၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ သစ္စာ ရှိခြင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းတို့သည် ယုံကြည်သူတို့အတွက်စံနမူနာဖြစ်စေ လော့။-
2 Timothy 2:22သက်ရွယ်ပျိုသူတို့၏ရမ္မက်ဆန္ဒများကိုရှောင် ကြဉ်လော့။ သခင်ဘုရားအားသန့်ရှင်းစင်ကြယ် သောစိတ်နှင့်ပတ္ထနာပြုသူအပေါင်းတို့နှင့် အတူဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းတရား၊ မေတ္တာတရားနှင့်ငြိမ်းချမ်းသာယာမှုကိုရှာ လော့။-